Today Yangon : Min - 32°C , Max - 25°C | Sunday, 20 May 2012 |  72 guests online now

ရွှေဈေးနှုန်း

ပြည်ပ
22-8-2011)

US$ Per oz
SELL BUY
New York 1857 1871
London 1859 1870

ပြည်တွင်း
(22-8-2011)

ကျပ်/ကျပ်သား
(၁၆ ပဲရည်)
ရန်ကုန် 700000
မန္တလေး 722000

ငွေလဲလှယ်နှုန်း


UNIT PRICE CHG
USD 1 785 4
FEC 1 705 2


MICT Park တွင် ကျင်းပပြုလုပ်သည့် HTC ကုမ္ပဏီမှ CEO နှင့် တွေ့ဆုံပွဲအခမ်းအနား

ကမ္ဘာကျော် HTC ရဲ့ CEO & President ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း (ခ) ပီတာချူးနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို လှိုင်တကကသိုလ် နယ်မြေအတွင်းရှိ MICT Park Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော...

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများဆက်လက်မြှင်တက်

Realtor - Media Laneမန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ပစ္စည်းလက်ကျန်နည်းပြီး ဈေးနှုန်းများဆက်လက် မြှင့်တက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မန္တလေးမြို့ အိမ်ခြံမြေဈေးနှုန်းများမှာ မျက်နှာပွင့်  တစ်ပေလျှင် ကျပ် သိန်းတစ်ထောင်အထိ ရှိနေပြီး ယခုနှစ်ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လဆန်းပိုင်းလောက်တွင် မြင့်မားသော...

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ စာရင်းကောက်ယူ

Monday, 12 December 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ စာရင်းကောက်ယူ
မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူများ စာရင်းကို အတိကျ ကောက်ယူနေပြီ ဖြစ်ကြောင်း၊
ယင်း အစီစဉ် လုပ်ဆောင်သူ ဦးတိုးကျော်လှိုင် က ရန်ကုန်မှ ဂျာနယ်ကြီး တစောင်သို့  သို့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယင်းကဲ့သို့ စာရင်း ကောက်ယူရခြင်းမှာ ယခင် နိုင်ငံတကာ က ကောက်ခံထားသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ စာရင်းမှာ
မှန်ကန်မှု မရှိကြောင်း လက်ရှိအစိုးရ အဖွဲ့က တရားဝင် ပြောကြားထားသည့် အတွက် စာရင်း အတိအကျ သိရှိစေရန် ကောက်ခံခြင်း
ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ “အင်းစိန်ထောင် က စာရင်း ရရင်တော့ ပြီးပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ စာရင်း ၅၀၀တော့
ကျော်လိမ့်မယ်” ဟု ၄င်းက ဆိုသည်။

ဆင်များကို မေ့ဆေးဖြင့်ဖမ်းခြင်း ခွင့်ပြုထား

Monday, 12 December 2011

ဆင်များကို မေ့ဆေးဖြင့်ဖမ်းခြင်း ခွင့်ပြုထား
တော၊ တောင်များတွင် သဘာဝအလျောက် နေထိုင် ကျက်စားနေသော တောဆင်ရိုင်း များကို ဖမ်းဆီးရာတွင် ကျုံးသွင်းဖမ်းခြင်း နှင့်
မေ့ဆေးဖြင့် ဖမ်းခြင်းများကို တရားဝင် ခွင့်ပြုထားကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခြင်း ဖြစ်သည်။
“ ဒီ ၂၀၁၁ ခုနှစ် က စပြီး ကျုံးသွင်းခြင်းနဲ့ မေ့ဆေးပေး ဖမ်းတာကို ခွင့်ပြုထားပါတယ်” ဟု ၄င်းက ဆိုသည်။ တော ဆင်ရိုင်းများကို
ကျုံးဖြင့် ဖြစ်စေ ၊ မေ့ဆေးဖြင့် ဖြစ်စေ ဖမ်းယူ ပြီးပါက သစ်တော ဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ရမည် ဟုလည်း ၄င်းက ပြောကြားသည်။
ယင်းကဲ့သို့ ကျုံးသွင်းဖမ်းခြင်း နှင့် မေ့ဆေးဖြင့် ဖမ်းခြင်းတို့ကို ခွင့်ပြုထားသော်လည်း နယ်စပ်ဒေသများ၌ ပြည်ပသို့ ဆင်စွယ်များ၊ ဆင်ရိုးများနှင့်
ဆင် အရေခွံများအား တရားမဝင် ခိုးထုတ် ရောင်းချသည့် ဈေးကွက်ရှိနေသည့် အတွက် တောဆင်များကို သေနတ်ဖြင့် အသေ ပစ်ခတ် ဖမ်းယူမှုများ
ရှိလာကြောင်း ၄င်းက ဆိုသည်။

အမေရိကန်ရောက် မြန်မာအားကစားသမား

Monday, 12 December 2011

အမေရိကန်ရောက် မြန်မာအားကစားသမား

အမေရိကန် နိုင်ငံမှာ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားပွဲစဉ်တွေမှာ မြန်မာ့ စပါးကြီးမြွေ ( Burmese Python ) လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လ အင်ဆန် (Aung La Nsang) ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကျောပြင် ပုခုံးနေရာမှာ “Jinghpaw” လို့ ထင်ရှားစွာ တက်တူး (Tattoo) ရေးထိုးထားတဲ့ MMA မက်ဒယ်လ်ဝိတ်တန်းရှင် အောင်လ ဟာ ရတနာ လုပ်ငန်းရှင် အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန် နန်ဘူ တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက် သားရတနာပါ။ အတန်းပညာကို ရန်ကုန် International School မှာ တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊ အင်ဒရူးတက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ၊ ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူပါ။

၀ိုင်ဖိုင်သုံးသူ အမျိုးသားများသတိပြုဖွယ်

Saturday, 10 December 2011

၀ုိင်ဖိုင်သုံးသူ အမျိုးသားများသတိပြုဖွယ်
အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။

EU စာချုပ်ဘောင် အတွင်း ဘဏ္ဍာရေး စည်းမျဉ်းချမှတ်နိုင်

Saturday, 10 December 2011

EU စာချုပ်ဘောင် အတွင်း ဘဏ္ဍာရေး စည်းမျဉ်းချမှတ်နိုင်
လက်ရှိ ဥရောပ သမဂ္ဂ သဘောတူ စာချုပ် ဘောင်အတွင်း ယူရိုငွေကြေးသုံး နိုင်ငံတွေအပေါ် တင်းကျပ်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy က ပြောကြားလိုက် ပါတယ်။
လာမယ့် ရက်တွေ အတွင်း ကျင်းပမယ့် လက်ရှိ ယူရိုဇုန်ရဲ့ ကြွေးမြီပြဿနာ အပေါ် ဖြေရှင်းဖို့ ဆွေးနွေးကြမယ့် ဥရောပ သမဂ္ဂ ညီလာခံမှာ မစ္စတာ ရွမ်ပွိုင်းက ဥက္ကဌ အဖြစ် ဆောင်ရွက် မှာလည်း ဖြစ်ပါတယ်။

Sports

၁၉ နှစ်အောက် အာဆီယံ ဘောလုံးပြိုင်ပွဲ မြန်မာအသင်း ပွဲစဉ်များ ရုပ်/သံမှ တိုက်ရိုက် ထုတ်လွှင့်မည

၁၉ နှစ်အောက် အာဆီယံ ဘောလုံးပြိုင်ပွဲ မြန်မာအသင်း ပွဲစဉ်များ ရုပ်/သံမှ တိုက်ရိုက် ထုတ်လွှင့်မည

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံယူ-၁၉ ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်း ယှဉ်ပြိုင် ကစားမည့်...

Life Style

 အမေရိကန်နိုင်ငံမှ ကမ္ဘာ့အဝဆုံးအမျိုးသမီး

အမေရိကန်နိုင်ငံမှ ကမ္ဘာ့အဝဆုံးအမျိုးသမီး

ဩဂုတ် ၁၈။ ။ကမ္ဘာ့အဝဆုံး လူသား အဖြစ် အသက် ၃၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံ အရီဇိုးနာပြည်နယ်တွင် နေထိုင်သူ...

Entertainment

သတင်းထောက်တွေကို တရားစွဲလိုက်တဲ့ Rain

သတင်းထောက်တွေကို တရားစွဲလိုက်တဲ့ Rain

မင်းသား Rain ဟာ သူ့အကြောင်း မဟုတ်မမှန် သတင်း ရေးမှု နဲ့ သတင်း ထောက် အချိုကို များမကြာ မှီက တရားစွဲဆို...


သတင်း ဓာတ်ပုံ

myanmarism_unicode
Banner
Banner
Banner
Banner
Banner